ယောရှု 8:33 - မြန်မာ့စံမီသမ္မာကျမ်း33 အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။ Ver CapítuloCommon Language Bible33 ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။- Ver CapítuloGarrad Bible33 ဣ သ ရေ လ တစ် မျိုး လုံး၊ လူ ကြီး၊ ဗိုလ် မှူး၊ တ ရား သူ ကြီး၊ အ မျိုး စစ်၊ ဝင် နေ ကပ် ပါး တို့ ပါ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် သူ လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ရှေ့၊ သေ တ္တာ တော် ဝဲ ယာ၌ တစ် ဝက် ကား ဂေ ရ ဇိမ် တောင်၊ တစ် ဝက် ကား ဧ ဗ လ တောင် အ နီး ရပ် နေ ကြ စဉ်၊ ဣ သ ရေ လ လူ မျိုး အား ဦး စွာ မင်္ဂ လာ ပေး ရ မည် ဟု ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မှာ ထား ခဲ့ သည့် အ တိုင်း ပေး ပြီး မှ Ver CapítuloJudson Bible33 ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာနှစ်ဖက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်ကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတစ်ဝက်၊ ဧဗလတောင်ပေါ်မှာ တစ်ဝက်တို့သည် နေကြလျှင်၊ Ver Capítulo |
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။