ယောရှု 7:9 - မြန်မာ့စံမီသမ္မာကျမ်း9 ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။ Ver CapítuloCommon Language Bible9 ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။ Ver CapítuloGarrad Bible9 ခါ န နိ အ စ ရှိ သော ဤ တိုင်း ရင်း သား အ ပေါင်း တို့ ကြား လျှင်၊ အ ကျွန်ုပ် တို့ ကို ဝန်း ဝိုင်း၍ အ မည် ကို လည်း မြေ ပေါ် မှ ချေ ဖျောက် ကြ လိမ့် တ ကား။ ဤ သို့ ပြု လျှင်၊ မြင့် မြတ် သော နာ မ တော် အ ဖို့ အ လို့ ငှာ မည် သို့ ပြု တော် မူ အံ့ နည်း ဟု လျှောက် ဆို သော်၊ Ver CapítuloJudson Bible9 ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါလိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။ Ver Capítulo |
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။