Biblia Todo Logo
La Biblia Online
- Anuncios -




ယော​ရှု 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယောရှု​သည် ဂျေရိခေါ​မြို့​မှ ဗေသလ​မြို့​အရှေ့ဘက်​၊ ဗေသဝင်​မြို့​အနီး​ရှိ အာဣ​မြို့​သို့ လူ​လွှတ်​၍ “​ထို​အရပ်​သို့​သွား​ပြီး စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​လေ​၏​။ သူ​တို့​သည်​လည်း သွား​၍ အာဣ​မြို့​ကို စူးစမ်း​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

2 ယော​ရှု​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက်၊ ဗေ​သ ဝင်​မြို့​အ​နီး​တွင်​တည်​ရှိ​သော​အာ​ဣ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် လူ​အ​ချို့ တို့​ကို​ယေ​ရိ​ခေါ​မြို့​မှ​စေ​လွှတ်​လိုက်​လေ သည်။-

Ver Capítulo Copiar

Garrad Bible

2 ယော ရှု လည်း ယေ ရိ ခေါ မြို့ မှ လူ တို့ ကို စေ လွှတ်၍၊ ဗေ သ လ မြို့ အ ရှေ့၊ ဗေ သ ဝင် မြို့ အ နီး ရှိ၊ အာ ဣ မြို့၊ ပြည် နယ် ပါ၊ သွား ရောက် စူး စမ်း ကြ လော့ ဟု မိန့် မှာ သည့် အ တိုင်း၊

Ver Capítulo Copiar

Judson Bible

2 ယော​ရှု​သည်​လည်း၊ ယေ​ရိ​ခေါ​မြို့​မှ လူ​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် ဗေ​သ​လ​မြို့​အ​ရှေ့၊ ဗေ​သ​ဝင်​မြို့​အ​နား​မှာ​ရှိ​သော အာ​ဣ​မြို့​သို့​သွား၍ ထို​ပြည်​ကို ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​သည်​အ​တိုင်း သူ​တို့​သည်​သွား၍၊ အာ​ဣ​မြို့​ကို ကြည့်​ရှု​ပြီး​လျှင်၊

Ver Capítulo Copiar




ယော​ရှု 7:2
18 Referencias Cruzadas  

ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။


သူ​သည် ထို​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ယခင်က ထို​မြို့​၏​အမည်​မှာ လုဇ​ဖြစ်​၏​။


ထို့နောက် ထို​နွားသငယ်ရုပ်​တို့​ကို ဗေသလ​မြို့​တွင်​တစ်​ကောင်​၊ ဒန်​မြို့​တွင်​တစ်​ကောင် တည်​ထား​၏​။


ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မူကား ဂေဗ​မြို့​မှ​မိတ်မတ်​မြို့​၊ အာဣ​မြို့​၊ ဗေသလ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊


အကြံဉာဏ်​ယူ​ခြင်း​အားဖြင့် အကြံအစည်​များ တည်​တတ်​၏​။ လမ်းညွှန်​မှု​များ​ကို​ခံယူ​၍ စစ်ပွဲ​ကို​ဆင်နွှဲ​လော့​။


အကယ်စင်စစ် သင်​သည် လမ်းညွှန်​မှု​ခံယူ​ခြင်း​အားဖြင့် သင်​၏​စစ်ပွဲ​ကို​ဆင်နွှဲ​ရ​မည်​။ အကြံပေးသူ​များစွာ​ရှိ​ခြင်း​အားဖြင့် အောင်ပွဲ​ရ​တတ်​၏​။


သူ​သည် အာဣ​မြို့​သို့​ရောက်​လေ​ပြီ​။ မိဂရုန်​မြို့​ကို​ဖြတ်သွား​ပြီ​။ မိတ်မတ်​မြို့​၌ သူ​၏​အထုပ်အပိုး​များ​ကို ချ​ထား​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဟေရှဘုန်​မြို့​၊ ညည်းတွားငိုကြွေး​လော့​။ အာဣ​မြို့ ပျက်စီး​လေ​ပြီ​။ အို ရဗ္ဗာ​သမီးပျို​၊ အော်ဟစ်​လော့​။ လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ တံတိုင်း​အတွင်း ပြေးလွှား​လျက် ငိုကြွေးမြည်တမ်း​ကြ​လော့​။ အကြောင်းမူကား မိလကုံ​ဘုရား​သည် သူ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​များ​၊ အကြီးအကဲ​များ​နှင့်အတူ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။


အို အစ္စရေး​၊ သင်​သည် ပြည့်တန်ဆာလုပ်​ရာ​တွင် ယုဒ​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​နှင့်​။ ဗေသဝင်​မြို့​သို့ တက်​မ​သွား​နှင့်​။ ‘ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ’​ဟု မ​ကျိန်ဆို​နှင့်​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍


ဂျေရိခေါ​ဘုရင်​တစ်ပါး​၊ ဗေသလ​မြို့​အနီး​ရှိ အာဣ​ဘုရင်​တစ်ပါး​၊


သူ​တို့​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် ဂျော်ဒန်​မြစ်​မှ​အစပြု​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဂျေရိခေါ​တောင်စောင်း​တစ်လျှောက်​သို့ တက်သွား​ပြီး အနောက်ဘက်​တောင်ပေါ်ဒေသ​သို့​ဆက်သွား​ကာ ဗေသဝင်​တောကန္တာရ​တွင် ဆုံး​၏​။


နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။


ထို​သူ​တို့​သည် ယောရှု​ထံ​ပြန်လာ​၍ “​အာဣ​မြို့​သို့ လူ​အားလုံး ချီတက်​သွား​ရန်​မ​လို​ပါ​။ လူ​နှစ်ထောင်​၊ သုံး​ထောင်​ခန့်​ဖြင့်​တိုက်​လျှင် အောင်နိုင်​ပါ​သည်​။ လူ​အားလုံး​ကို မ​ပင်ပန်း​စေ​ပါ​နှင့်​။ ထို​မြို့သား​တို့​သည် လူ​နည်းစု​သာ​ဖြစ်​ပါ​သည်​”​ဟု ဆို​ကြ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ဤသို့ဖြင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို ထို​နေ့​တွင် ကယ်တင်​တော်မူ​၍ တိုက်ပွဲ​မှာ ဗေသဝင်​မြို့​သို့​တိုင် ရောက်​လေ​၏​။


ဗေသလ​မြို့သား​များ​၊ ရာမုတ်နေဂေ့​မြို့သား​များ​၊ ယတ္တိရ​မြို့သား​များ​၊


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos