ယောရှု 7:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible13 ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။- Ver CapítuloGarrad Bible13 ထ၍ လူ မျိုး တော် ကို သန့် ရှင်း စေ ရန် သင် ဆင့် ဆို ရ မည် မှာ နက် ဖြန် နေ့ မ တိုင် မီ ကိုယ် ကို သန့် ရှင်း စေ ကြ လော့။ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ လူ မျိုး၊ သင် တို့ အ တွင်း တွင် မြေ လှန် အပ် သော အ ရာ ရှိ၏။ ထို အ ရာ ကို သင် တို့ အ တွင်း မှ မ ပယ် မ ချင်း၊ ရန် သူ တို့ ရှေ့ ခံ ရပ် နိုင် ကြ မည် မ ဟုတ်။ Ver CapítuloJudson Bible13 ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။ Ver Capítulo |