ယောရှု 6:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။ Ver CapítuloCommon Language Bible20 ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။- Ver CapítuloGarrad Bible20 တပ် သား တို့ တပ် သံ ပေး ခြင်း၊ ပ ရော ဟိတ် တို့ တံ ပိုး မှုတ် ခြင်း ကို ပြု ကြ ကုန်၏။ ထို သို့ တံ ပိုး မှုတ် သံ ကို ကြား သော တပ် သား တို့ သည် ကျယ် စွာ တပ် သံ ပေး ကြ သော အ ခါ တစ် ပြိုင် နက် မြို့ ရိုး ပြို လဲ သ ဖြင့် အ သီး အ သီး တို့ တည့် တည့် တက် ဝင်၍ မြို့ ကို သိမ်း ယူ ကြ ရာ၊ Ver CapítuloJudson Bible20 ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။ Ver Capítulo |