ယောရှု 6:1 - မြန်မာ့စံမီသမ္မာကျမ်း1 အစ္စရေးအမျိုးသားတို့သတင်းကြောင့် ဂျေရိခေါမြို့တံခါးတို့ကို လုံခြုံစွာပိတ်ထားကြ၏။ ဝင်ထွက်သောသူ တစ်ယောက်မျှမရှိ။ Ver CapítuloCommon Language Bible1 ဣသရေလအမျိုးသားများယေရိခေါမြို့ တွင်းသို့မဝင်နိုင်ရန်မြို့တံခါးများကိုပိတ် ၍ အစောင့်များချထားလေသည်။ မည်သူမျှ မြို့ကိုဝင်ထွက်သွားလာခြင်းမပြုနိုင်။- Ver CapítuloGarrad Bible1 ဣ သ ရေ လ အ မျိုး သား တို့ သည် ထွက် သူ ဝင် သူ မ ရှိ ရ အောင်၊ ယေ ရိ ခေါ မြို့ ကို ပိတ် ဆို့ ဝိုင်း ထား ကြ သည် နှင့် Ver CapítuloJudson Bible1 ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ၊ Ver Capítulo |
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
တစ်ဖန် ဧလိယက “ဧလိရှဲ၊ ယခု ဤမြို့၌ နေခဲ့ပါတော့။ ထာဝရဘုရားက ငါ့ကို ဂျေရိခေါမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆို၏။ ဧလိရှဲကလည်း “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဂျေရိခေါမြို့သို့ သွားကြ၏။