ယောရှု 4:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible7 သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။ Ver CapítuloGarrad Bible7 ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ သည် ယော် ဒန် မြစ် ကို ကြွ ဝင် စဉ်၊ ထို သေ တ္တာ တော် ရှေ့ မြစ် ရေ ပြတ် ကြောင်း၊ ဣ သရေ လ အ မျိုး အ စဉ် အ ဆက် မ ပြတ် ထိမ်း မှတ် ဖွယ် ရာ ဖြစ် သည် တ ကား ဟူ ၍ သင် တို့ ပြန် ပြော ရ ကြ မည် ဟု မိန့် ဆို လေ ၏။ Ver CapítuloJudson Bible7 သင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကိုကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဖို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊ Ver Capítulo |
အစ္စရေးအမျိုးသားတို့ထံမှ အပြစ်ဖြေလွှတ်ခြင်းအတွက် ငွေကိုယူ၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်အတွက် အသုံးပြုရမည်။ ထိုငွေသည် သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းဖြစ်ကြောင်း ထာဝရဘုရား၏ရှေ့တော်၌ အစ္စရေးအမျိုးသားတို့ အောက်မေ့ဖို့ရန်အတွက် ဖြစ်၏”ဟု မိန့်တော်မူ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။