ယောရှု 4:19 - မြန်မာ့စံမီသမ္မာကျမ်း19 လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။ Ver CapítuloCommon Language Bible19 လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။- Ver CapítuloGarrad Bible19 လူ ပ ရိ သတ် သည် ပ ဌ မ လ၊ ဆယ် ရက် နေ့ တွင်၊ ယော် ဒန် မြစ် မှ တက်၍ ယေ ရိ ခေါ မြို့ အ ရှေ့ ဘက်၊ ဂိ လ ဂါ လ အ ရပ်၌ တပ် စွဲ ကြ ရာ၊ Ver CapítuloJudson Bible19 ပထမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ Ver Capítulo |
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။