Biblia Todo Logo
La Biblia Online
- Anuncios -




ယော​ရှု 23:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကြည့်​ပါ​။ ဂျော်ဒန်​မြစ်​မှစ၍ အနောက်ဘက် မြေထဲပင်လယ်​တိုင်အောင် ငါ​သုတ်သင်​ဖယ်ရှား​ခဲ့​သော​လူမျိုး​အပါအဝင် ကျန်နေ​သေး​သော​လူမျိုး​တို့​၏​ပြည်​ကို သင်​တို့​၏​အမျိုးအနွယ်​များ​အား အမွေ​အဖြစ် ငါ​မဲချ​ခွဲဝေ​ပေး​ခဲ့​ပြီ​။

Ver Capítulo Copiar

Common Language Bible

4 ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-

Ver Capítulo Copiar

Garrad Bible

4 ယော် ဒန် မြစ် မှ စ၍ အ နောက် ဘက် ရှိ မြေ ထဲ ပင် လယ် တိုင် အောင် ငါ ပယ် ရှား ခဲ့ သော လူ မျိုး ခြား တို့ ပြင်၊ ကျန် သေး သော လူ မျိုး ခြား တို့ နေ ပြည် ကို သင် တို့ အ နွယ် များ၏ အ ပိုင် ဖြစ် စေ ရန် ငါ ဝေ ပေး ခဲ့ သည် နှင့် အ ညီ၊

Ver Capítulo Copiar

Judson Bible

4 ယော်​ဒန်​မြစ်​မှ​စ၍ အ​နောက်​ပင်​လယ်​ကြီး​တိုင်​အောင်၊ ငါ​ပယ်​ရှင်း​သ​မျှ​သော လူ​မျိုး​တို့​နှင့်​တ​ကွ ကြွင်း​သေး​သော ဤ​လူ​မျိုး​နေ​သော​ပြည်​ကို သင်​တို့​အ​မျိုး​များ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ငါ​ဝေ​ဖန်​ပြီ။

Ver Capítulo Copiar




ယော​ရှု 23:4
9 Referencias Cruzadas  

“​ခါနာန်​ပြည်​ကို သင်​တို့​၏​အမွေ​ဝေစု​အဖြစ် သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် လူမျိုးခြား​တို့​ကို သူ​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​ပြီး အမွေ​အဖြစ် တိုင်းတာ​သတ်မှတ်​ထား​သော​နယ်မြေ​အလိုက် သူ​တို့​ကို​ခွဲဝေ​ပေး​၍ အစ္စရေး​အမျိုးအနွယ်​တို့​အား မိမိ​တို့​တဲ​များ​၌ နေထိုင်​စေ​တော်မူ​၏​။


သင်​သည်​ပွားများ​၍ ထို​ပြည်​ကို သင်​ပိုင်ဆိုင်​သည်​အထိ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ တဖြည်းဖြည်း​နှင်ထုတ်​မည်​။


“လူမျိုးတကာ​တို့​ကို ငါ​ပယ်ရှင်း​ပြီ​။ သူ​တို့​၏​မျှော်စင်​များ ပျက်စီး​လေ​ပြီ​။ လမ်း​တို့​ကို​လည်း ခြောက်ကပ်​စေ​ပြီ​ဖြစ်၍ ဖြတ်သန်းသွားလာ​သော​သူ​မ​ရှိ​။ မြို့​များ​ကို​လည်း ဖျက်ဆီး​ပစ်​ပြီ​ဖြစ်၍ နေထိုင်​သူ​တစ်ဦး​မျှ​မ​ရှိ​ပေ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​ရှိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​၌​နေထိုင်​သောအခါ


ကျန်ရှိ​နေ​သော​မြေ​များ​မှာ ဖိလိတ္တိ​နယ်မြေ​တစ်ခုလုံး​၊ ဂေရှုရိ​နယ်မြေ​တစ်ခုလုံး​၊


ယောရှု​လည်း ရှိလော​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မဲချ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်စု​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ပေး​၏​။


ယောရှု​သေလွန်​ပြီးမှ သူ​တို့​ထဲတွင် ကျန်​နေ​ခဲ့​သော​မည်သည့်​လူမျိုးခြား​ကို​မျှ သူ​တို့​ရှေ့​မှ ငါ​နှင်ထုတ်​တော့​မည်​မ​ဟုတ်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos