ယောရှု 23:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။ Ver CapítuloCommon Language Bible13 သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။ Ver CapítuloGarrad Bible13 ထို လူ မျိုး ခြား တို့ ကို မျက် ကွယ် အောင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဆက် လက် မ နှင် ထုတ် ဘဲ၊ ထို သူ တို့ သည် နံ ဘေး ၌ နှင် တံ သ ဖွယ်၊ မျက် စိ၌ ဆူး သ ဖွယ်၊ ညွတ် ကွင်း၊ ကျော့ ကွင်း များ သ ဖွယ် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဤ ပြည် ကောင်း မှ သင် တို့ မ ပျက် မ ချင်း၊ နေ ရ ကြ လိမ့် မည် ကို နှ လုံး သွင်း၍ သိ မှတ် ကြ လော့။ Ver CapítuloJudson Bible13 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တစ်ဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မီတိုင်အောင် သူတို့သည် သင်တို့၌ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည်အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။ Ver Capítulo |