ယောရှု 22:30 - မြန်မာ့စံမီသမ္မာကျမ်း30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ လူထုခေါင်းဆောင်များဖြစ်သော အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများသည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့ပြောသောစကားကိုကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ Ver CapítuloCommon Language Bible30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။- Ver CapítuloGarrad Bible30 ပ ရော ဟိတ် ဖိ နပ် ဟတ် နှင့် လိုက် ပါ သူ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် ဖြစ် သော ပ ရိ သတ် အ ကြီး အ ကဲ တို့ သည် ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ ပြော ဆို သော စ ကား ကို ကြား လျှင်၊ နှစ် သက် ကြ သ ဖြင့် Ver CapítuloJudson Bible30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကိုကြားရသောအခါ အားရကြ၏။ Ver Capítulo |
ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်မှတစ်ပါး မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင် စသည်တို့ကိုပူဇော်ရန် အခြားသောယဇ်ပလ္လင်တည်ခြင်းအားဖြင့် ထာဝရဘုရားကိုပုန်ကန်သောအမှု၊ ယနေ့ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားသောအမှုတို့သည် ငါတို့နှင့်ဝေးပါစေ”ဟု ဆိုကြ၏။
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။