ယောရှု 22:11 - မြန်မာ့စံမီသမ္မာကျမ်း11 “ကြည့်ရှုလော့။ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့နယ်မြေ၊ ဂျော်ဒန်မြစ်အနီး၊ ခါနာန်ပြည်နယ်စပ်၌ ယဇ်ပလ္လင်တည်ကြပြီ”ဟု ပြောဆိုကြသည်ကို အစ္စရေးအမျိုးသားတို့ကြားကြ၏။ Ver CapítuloCommon Language Bible11-12 အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။ Ver CapítuloGarrad Bible11 ခါ နာန် ပြည် က န ဦး၊ ယော် ဒန် ခ ရိုင်၊ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် နယ် အ ဝင်၊ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ သည် ပ လ္လင် ကို တည် ကြ သည် တ ကား ဟု ဣ သ ရေ လ အ မျိုး သား တို့ ကြား သိ လျှင်၊ Ver CapítuloJudson Bible11 ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ခါနာန်ပြည်တစ်ဖက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သတင်းကြားကြ၏။ Ver Capítulo |
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်