ယောရှု 2:7 - မြန်မာ့စံမီသမ္မာကျမ်း7 မင်းမှုထမ်းတို့သည် ဂျော်ဒန်မြစ်နံဘေးလမ်းအတိုင်း ရေတိမ်ပိုင်းအထိ ထိုသူတို့နောက်သို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်သည်နှင့် မြို့တံခါးလည်းပိတ်သွား၏။ Ver CapítuloCommon Language Bible7 မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။ Ver CapítuloGarrad Bible7 ယော် ဒန် မြစ် ကူး ဆိပ် လမ်း ဖြင့် မင်း စေ တို့ လိုက် ကြ စဉ်၊ မြို့ ပြင် သို့ ရောက် လျှင် မြို့ တံ ခါး ပိတ် လေ ၏။ Ver CapítuloJudson Bible7 မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။ Ver Capítulo |
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်