ယောရှု 19:51 - မြန်မာ့စံမီသမ္မာကျမ်း51 ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။ Ver CapítuloCommon Language Bible51 ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။ Ver CapítuloGarrad Bible51 ရှိ လော မြို့ ရှိ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ၌ ထာ ရ ဘု ရား မျက် မှောက် တော် တွင် ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ်ထောင် အ အုပ် အ ချုပ် တို့ သည် မဲ ချ၍ ပိုင် ရာ နယ် များ ကို ထို သို့ အ ပြီး သတ် ဝေ ပေး ကြ သ တည်း။ Ver CapítuloJudson Bible51 ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုးသူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ ဝေပေးသော အမွေခံစရာမြေ အသီးအသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကိုဝေဖန်သောအမှုပြီးလေ၏။ Ver Capítulo |