ယောရှု 14:6 - မြန်မာ့စံမီသမ္မာကျမ်း6 တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။ Ver CapítuloCommon Language Bible6 တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။- Ver CapítuloGarrad Bible6 ထို ကာ လ ဂိ လ ဂါ လ မြို့ ရှိ ယော ရှု ထံ ယု ဒ အ နွယ် သား တို့ ချဉ်း လာ ကြ ရာ၊ ကေ နတ် အ မျိုး ယေ ဖု န္နာ့ သား ကာ လက် က၊ ကာ ဒေ ရှ ဗာ နာ မြို့၌ ကိုယ် တော် နှင့် ကျွန် တော် ကို ရည်၍ ဘု ရား သ ခင့် လူ ယုံ တော် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ကို ကိုယ် တော် သိ မှတ် ပါ လိမ့် မည်။ Ver CapítuloJudson Bible6 ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။ Ver Capítulo |