Biblia Todo Logo
La Biblia Online
- Anuncios -




ယော​ရှု 13:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 တောင်ဘက်​ခါနာန်​ပြည်​တစ်ခုလုံး​၊ ဆီဒုန်​လူမျိုး​တို့​ပိုင်​သော​မာရ​ပြည်​မှ အာမောရိ​ပြည်​နယ်နိမိတ်​အာဖက်​ပြည်​အထိ​၊

Ver Capítulo Copiar

Common Language Bible

4 ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊-

Ver Capítulo Copiar

Garrad Bible

4 တောင် မျက် နှာ အာ ဝိ လူ မျိုး တို့ ပိုင် တစ် နယ် လုံး၊ အာ မော ရိ နယ် စပ် အာ ဖက် မြို့ တိုင် အောင်၊ ဇိ ဒုန် လူ မျိုး တို့ ပိုင် ဖြစ် သော မာ ရာ နယ် နှင့်၊

Ver Capítulo Copiar

Judson Bible

4 တောင်​မျက်​နှာ​မှ​စ၍ အာ​မော​ရိ​ပြည် အာ​ဖက်​မြို့​တိုင်​အောင်၊ ခါ​န​နိ​ပြည်​တစ်​လျှောက်​လုံး​နှင့် ဇိ​ဒုန်​ပြည်​အ​နား​မှာ​ရှိ​သော မာ​ရာ​ပြည်၊

Ver Capítulo Copiar




ယော​ရှု 13:4
11 Referencias Cruzadas  

ထို့နောက် နှစ်ဦးပိုင်း​ရောက်​သောအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် ဆီးရီးယား​တပ်သား​တို့​ကို​စုရုံး​ပြီး အစ္စရေး​တပ်​နှင့်​စစ်တိုက်​ရန် အာဖက်​မြို့​သို့ ချီသွား​ကြ​၏​။


ကျန်​စစ်သည်​တို့​သည် အာဖက်​မြို့​သို့ ထွက်ပြေး​သွား​ကြ​၏​။ ထို​ကျန်ရှိ​သော​စစ်သည်​နှစ်သောင်း​ခုနစ်​ထောင်​အပေါ် မြို့ရိုး​ပြိုကျ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​သည်​လည်း မြို့တွင်း​သို့​ပြေး​ဝင်​ပြီး အိမ်ခန်း​ထဲတွင် ပုန်း​နေ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ဂျေရုဆလင်​မြို့​အား ဤသို့​မိန့်​တော်မူ​ကြောင်း​ကို ဆင့်ဆို​လော့​။ ‘သင့်​မွေးရပ်​ဇာတိ​မှာ ခါနာန်​ပြည်​ဖြစ်၍ သင့်​ဖခင်​သည် အာမောရိ​လူမျိုး​၊ သင့်​မိခင်​သည် ဟိတ္တိ​လူမျိုး​ဖြစ်​၏​။


သင်​တို့​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ အာမောရိ​ပြည်​ကို ပိုင်ဆိုင်​ရန်​အတွက် သင်​တို့​အား တောကန္တာရ​တွင် အနှစ်​လေးဆယ်​ပို့ဆောင်​ပေး​ခဲ့​၏​။


ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။


အရှေ့​အနောက်​တစ်ခွင်​ရှိ ခါနာန်​လူမျိုး​များ​၊ တောင်ပေါ်ဒေသ​ရှိ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ ဟေရမုန်​တောင်ခြေ မိဇပါ​ပြည်​ရှိ ဟိဝိ​လူမျိုး​များ စသည်​တို့​ထံသို့​လည်းကောင်း သတင်းပို့​လေ​၏​။


အာဖက်​ဘုရင်​တစ်ပါး​၊ လာရှာရုန်​ဘုရင်​တစ်ပါး​၊


အုမ္မ​မြို့​၊ အာဖက်​မြို့​၊ ရဟောဘ​မြို့ အပါအဝင် မြို့​ပေါင်း​နှစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။


ရှမွေလ​၏​စကား​သည် အစ္စရေး​တစ်မျိုးလုံး​ထံသို့ ရောက်ရှိ​၏​။ ယခု​တွင် အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​၍ ဧဗနေဇာ​မြို့​တွင် စခန်းချ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား အာဖက်​မြို့​တွင် စခန်းချ​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos