ယောရှု 11:23 - မြန်မာ့စံမီသမ္မာကျမ်း23 မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။ Ver CapítuloCommon Language Bible23 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။ Ver CapítuloGarrad Bible23 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း၊ ယော ရှု သည် ပြည် တစ် လျှောက် လုံး ကို သိမ်း ယူ၍ အ နွယ် အ သီး အ သီး တို့ ဝေ ပုံ အ လိုက်၊ ဣ သ ရေ လ လူ မျိုး ပိုင် ဖြစ် စေ၏။ ပြည် တော် လည်း ရန် စစ် ငြိမ်း လေ၏။ Ver CapítuloJudson Bible23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တစ်လျှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။ Ver Capítulo |
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း၌ လက်ဘနွန်ချိုင့်ဝှမ်းရှိဗာလဂဒ်အရပ်မှ စိရပြည်ဘက်သို့တက်သွားသောဟာလက်တောင်အထိ အောင်နိုင်ခဲ့၏။ သူတို့အောင်နိုင်ခဲ့သောပြည်မှဘုရင်များကား ဤသို့ဖြစ်၏။ (ယောရှုသည် အစ္စရေးအမျိုးအနွယ်တို့ကို သူတို့၏ဝေစုအလိုက် အမွေမြေခွဲဝေပေး၏။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။