ယောရှု 10:40 - မြန်မာ့စံမီသမ္မာကျမ်း40 ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ Ver CapítuloCommon Language Bible40 ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။- Ver CapítuloGarrad Bible40 ထို သို့ ယော ရှု သည် ခင် တန်း၊ နေ ဂပ် ခ ရိုင်၊ ရု ဖေ လာ ခ ရိုင်၊ တောင် စောင်း၊ ပြည် တစ် လျှောက် လုံး ကို ဘု ရင် မင်း များ ပါ လုပ် ကြံ လျက်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ဇီ ဝ သက် ရှိ သူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် မြေ လှန် လျက်၊ Ver CapítuloJudson Bible40 ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေတွင်းအရပ် ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ Ver Capítulo |
ထိုမြို့နှင့် မြို့၏ဘုရင်အပါအဝင် မြို့ရွာအားလုံးကိုသိမ်းပိုက်၏။ မြို့သူမြို့သားအားလုံးကို ဓားဖြင့် တစ်ယောက်မကျန် လုပ်ကြံသတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ ဟေဗြုန်မြို့နှင့်ဘုရင်၊ လိဗနမြို့နှင့်ဘုရင် တို့ကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်ဘုရင်ကို ပြုလေ၏။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။