ယောရှု 10:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။ Ver CapítuloCommon Language Bible30 ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။ Ver CapítuloGarrad Bible30 ထို မြို့ နှင့် ဘု ရင် မင်း ပါ ဣ သ ရေ လ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် မြို့ ရှိ လူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ဓား ဖြင့် လုပ် ကြံ လျက် ယေ ရိ ခေါ ဘု ရင် ကို ပြု သ ကဲ့ သို့ ထို ဘု ရင် ကို လည်း ပြု လေ၏။ Ver CapítuloJudson Bible30 ထာဝရဘုရားသည် ထိုမြို့နှင့်မင်းကြီးကို ဣသရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။ Ver Capítulo |
အစ္စရေးစစ်သည်တို့သည် သူတို့ကိုတောကန္တာရကွင်းပြင်အထိ လိုက်လံတိုက်ခိုက်သည့်အာဣမြို့သားအပေါင်းတို့အား တစ်ယောက်မကျန်သတ်ဖြတ်၏။ ထိုသူတို့အားလုံး ဓားဖြင့်လဲကျသေဆုံးသွားပြီးနောက် အစ္စရေးစစ်သည်အပေါင်းတို့သည် အာဣမြို့သို့ တစ်ဖန်ပြန်လာ၍ ကျန်ရစ်သူတို့ကို ဓားဖြင့်သတ်ဖြတ်လေ၏။