ယောရှု 10:27 - မြန်မာ့စံမီသမ္မာကျမ်း27 နေဝင်ချိန်ရောက်သောအခါ ယောရှုအမိန့်ပေးသဖြင့် ထိုရှင်ဘုရင်တို့၏အလောင်းကို သစ်ပင်ပေါ်မှချပြီး သူတို့ပုန်းအောင်းခဲ့သည့်လိုဏ်ဂူထဲသို့ ပစ်ထည့်ကာ လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့် ပိတ်ထားလေ၏။ ထိုကျောက်တုံးကြီးများသည် ယနေ့တိုင် ရှိသေး၏။ Ver CapítuloCommon Language Bible27 နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။ Ver CapítuloGarrad Bible27 နေ ဝင် ချိန် တွင် ယော ရှု အ မိန့် အ ရ၊ အ လောင်း များ ကို ဖြုတ်၍၊ ပုန်း အောင်း ခဲ့ သော ဥမင် အ တွင်း ချ ထား ပြီး လျှင် ဥမင် ဝ ကို ကြီး စွာ သော ကျောက် များ ဖြင့် ပိတ် ဆို့ လျက် ယ နေ့ တိုင် တည် ရှိ သ တည်း။ Ver CapítuloJudson Bible27 နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည်အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုဏ်ခေါင်း၌ပစ်ထား၍၊ လိုဏ်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ Ver Capítulo |