ယောရှု 1:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။ Ver CapítuloCommon Language Bible5 ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။- Ver CapítuloGarrad Bible5 သင့် အ သက် တာ ကာ လ ပတ် လုံး၊ မည် သူ မျှ သင့် ရှေ့၌ မ ခံ ရပ် နိုင် ရာ။ ငါ သည် မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့ သင် နှင့် အ တူ ရှိ လ တ္တံ့။ မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ်။ Ver CapítuloJudson Bible5 သင့်အသက်တည်သည်ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့် အတူငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား။ Ver Capítulo |
ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။