ယောန 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 လူမှစ၍ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်၍ ဘုရားသခင်ထံ စိတ်ပါလက်ပါနှင့်ဆုတောင်းကြစေ။ လူတိုင်း မိမိပြုသောမကောင်းမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ကြဉ်ကြစေ။ Ver CapítuloCommon Language Bible8 လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။- Ver CapítuloGarrad Bible8 လူ သ တ္တ ဝါ တိ ရ စ္ဆာန် တို့ သည် လျှော် တေ ကို ဝတ် ကြ စေ။ အား ထုတ် ၍ ဘု ရား သ ခင် ကို ဟစ် ခေါ် ကြ စေ။ အ သီး အသီး တို့ လိုက် သော ဒု စ ရိုက် လမ်း မှ လည်း ကောင်း၊ လက် အ သုံး ပြု သော အ ဓ မ္မ မှု မှ လည်း ကောင်း၊ ကြဉ် ရှောင် ကြ စေ။ Ver CapítuloJudson Bible8 လူသတ္တဝါ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ Ver Capítulo |
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။