Biblia Todo Logo
La Biblia Online
- Anuncios -




ယော​န 2:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။

Ver Capítulo Copiar

Common Language Bible

9 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။

Ver Capítulo Copiar

Garrad Bible

9 အ ကျွန်ုပ် မူ ကား၊ ကျေး ဇူး တော် ကို ချီး မွမ်း သော အ သံ နှင့် ကိုယ် တော် အား ယဇ် ပူ ဇော် ပါ မည်။ ထား ခဲ့ သော သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ကယ် တင် ခြင်း အ မှု မှာ၊ ထာ ဝ ရ ဘု ရား နှင့် စပ် ဆိုင် ပါ သည် ဟု ဆု တောင်း လေ ၏။

Ver Capítulo Copiar

Judson Bible

9 အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

Ver Capítulo Copiar




ယော​န 2:9
24 Referencias Cruzadas  

ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။


လေး​နှစ်​မျှ​ကြာလာ​သောအခါ အဗရှလုံ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန် ဟေဗြုန်​မြို့​သို့ သွား​ပါရစေ​။


သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။


ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။


ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် သက်ရောက်​ပါစေသော​။(​စေလာ)


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​သို့​ဝင်​၍ တေးသီချင်း​များ​ဖြင့် ကိုယ်တော့်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။


အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။


ဝမ်းမြောက်​ရွှင်မြူး​ခြင်း​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​ဟု ဆို​လျက် ထာဝရဘုရား​၏​အိမ်​တော်​သို့ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ယူဆောင်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လိမ့်မည်​။ အကြောင်းမူကား ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​၍ ယခင်​က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။


ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။


ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။


ပြည့်တန်ဆာ​၏​အဖိုးအခ​နှင့် ခွေး​၏​အဖိုးအခ​ကို ကတိသစ္စာ​တစ်စုံတစ်ခု​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။ အကြောင်းမူကား ထို​အရာ​နှစ်ခုစလုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။


သူ​တို့​က “ကယ်တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​နှင့် သိုးသငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။


အကျိုး​မ​ပေး​သော​၊ မ​ကယ်တင်​နိုင်​သော​အချည်းနှီး​သော​အရာ​တို့​နောက်​သို့​လိုက်​၍ လမ်း​မ​လွဲ​ကြ​နှင့်​။ ထို​အရာ​တို့​သည် အချည်းနှီးသက်သက်​ဖြစ်​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos