Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 6:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​တို့​သည်​လည်း အချည်းနှီး​ဖြစ်​ကြ​၏​။ ကြောက်မက်ဖွယ်​အဖြစ်​ကို​မြင်​ပြီး သင်​တို့​ကြောက်ရွံ့​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

21 ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။

Ver Capítulo Copiar

Garrad Bible

21 သင် တို့ သည် ထို နည်း တူ ဖြစ် လျက်၊ ကြောက် မက် ဖွယ် ရာ ကို မြင် လျှင် မြင် ချင်း ထိတ် လန့် ကြ၏။

Ver Capítulo Copiar

Judson Bible

21 ထို​အ​တူ သင်​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ငါ​နှိမ့်​ချ​ခြင်း​ကို​မြင်​လျှင် ဆုတ်၍​နေ​ကြ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 6:21
16 Referencias Cruzadas  

သင်​တို့​သည် မုသား​ကို ဖုံးကွယ်​ထား​သော​သူ​များ​၊ သင်​တို့​အားလုံး​သည် အသုံးမဝင်​သော​သမားတော်​များ ဖြစ်​ကြ​၏​။


ငါ​နှင့်​ရင်းနှီးကျွမ်းဝင်​သော​မိတ်ဆွေ​အားလုံး​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ကို​ကျောခိုင်း​သွား​ကြ​၏​။


ငါ့​ညီအစ်ကို​တို့​သည် ချောင်းရေ​ကဲ့သို့​လည်းကောင်း​၊ ဖြတ်သန်းစီးဆင်း​သွား​သော​တောင်ကျချောင်းရေ​ကဲ့သို့​လည်းကောင်း သစ္စာမဲ့​ကြ​၏​။


ငါ​က ‘ငါ့​ကို တစ်စုံတစ်ရာ​ယူလာ​ပေး​ပါ​။ သင်​တို့​စည်းစိမ်ချမ်းသာ​များ​ထဲမှ ငါ့​ကို​လက်ဆောင်​ပေး​ကြ​ပါ​’​ဟု တောင်း​ဖူး​သလော​။


အကျွန်ုပ်​ချစ်​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​မိတ်ဆွေ​တို့​သည် အကျွန်ုပ်​၏​အနာ​ကြောင့် အကျွန်ုပ်​ကို​ရှောင်ဖယ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​သည်​လည်း အဝေး​၌​ရပ်​နေ​ကြ​ပါ​၏​။


အဆင့်အတန်း​နိမ့်​သော​သူ​တို့​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပြီး အဆင့်အတန်း​မြင့်​သော​သူ​တို့​သည် လိမ်လည်ခြင်း​သာ​ဖြစ်​ကြ​၏​။ ချိန်ခွင်​၌​ချိန်​လျှင် သူ​တို့​နှစ်မျိုး​ပေါင်း​သည် အခိုးအငွေ့​ထက်​ပေါ့​၏​။


ဆင်းရဲ​သော​သူ​ကို သူ​၏​ညီအစ်ကို​အားလုံး​ကပင် မုန်း​တတ်​ကြ​၏​။ သူ​၏​မိတ်ဆွေ​တို့​သည် သူ့​ကို​ဝေးဝေးရှောင်​ကြ​သည်​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။ သူ​သည် သူ​တို့​နောက်​သို့​လိုက်​၍ စကားပြော​သော်လည်း မည်သူ​မျှ သူ​နှင့်​စကား​မ​ပြော​ကြ​ပေ​။


နှာခေါင်း​နှင့်​အသက်ရှူ​တတ်​သော​လူ​ကို မ​ကိုးစား​နှင့်​။ ထိုသို့​သော​သူ​၌ အဘယ်​အားထားစရာ​ရှိ​သနည်း​။


ငါ​တို့​သည် ဘေဘီလုံ​မြို့​ကို ကုသ​ပေး​သော်လည်း ကုသ​၍​မ​ရ​။ သူ့​ကို​ထားခဲ့​ပြီး ကိုယ့်​ပြည်​ကိုယ်​ပြန်​ကြ​စို့​။ အကြောင်းမူကား သူ​ခံရ​သော​စီရင်​ခြင်း​သည် မိုး​ထိတိုင် ရောက်​လေ​ပြီ​။ မိုးတိမ်​ထိတိုင် မြင့်​လေ​ပြီ​။


ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။


သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။


ငါ​၏​အမှု​အတွက် ပထမ​အကြိမ်​ချေပ​ပြောဆို​ရာ​တွင် မည်သူမျှ ငါ့​ဘက်​၌​မ​နေ​ဘဲ အားလုံး​သည် ငါ့​ကို​စွန့်ပစ်​ကြ​၏။ ဤ​အမှုအရာ​ကြောင့် သူ​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါစေ​နှင့်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos