Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 5:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သင်​၏​တဲ​သည် ငြိမ်းချမ်း​လျက်​ရှိ​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ သင်​နေထိုင်​ရာ​အရပ်​ကို စစ်ဆေးကြည့်​လျှင်​လည်း တစ်စုံတစ်ရာ​မျှ ပျောက်ဆုံး​လိမ့်မည်​မ​ဟုတ်​။

Ver Capítulo Copiar

Common Language Bible

24 သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။

Ver Capítulo Copiar

Garrad Bible

24 ကိုယ့် တဲ လုံ ခြုံ သည် ကို သိ မှတ်၍၊ လယ် ယာ စား ကျက် များ ကို ရှု ကြည့် ရာ၊ မည် သည် မျှ မ ပျောက် မ ဆုံး ချေ။

Ver Capítulo Copiar

Judson Bible

24 သင်​သည် ကိုယ်​အိမ်၌ ငြိမ်​သက်​ခြင်း​ရှိ​ကြောင်း​ကို တွေ့၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ ပြန်​ရောက်​သော​အ​ခါ စိတ်​ပျက်​စ​ရာ​အ​ကြောင်း မ​ရှိ​ရ။

Ver Capítulo Copiar




ယောဘဝတ္တု။ 5:24
15 Referencias Cruzadas  

သူ​နှင့်​မဆိုင်​သော​သတ္တဝါ​တို့​သည် သူ့​တဲ​၌​နေထိုင်​ကြ​လိမ့်မည်​။ သူ့​နေရာ​ကို ကန့်မှုန့်​များ​ဖြင့် ကြဲ​ထား​လိမ့်မည်​။


ဤသည်ကား ဒုစရိုက်သမား​တို့​နေထိုင်​ရာ​၊ ဘုရား​ကို​မ​သိ​သော​သူ​တို့​နေရာ​ဖြစ်​၏​”​ဟု ဆို​လေ​၏​။


သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။


သင်​သာ သန့်ရှင်း​ဖြောင့်မတ်​မည်​ဆို​လျှင် ယခုပင် ကိုယ်တော်​သည် ထ​၍ သင်​၏​ဖြောင့်မတ်​ခြင်း​တည်​ရာ​ကို ပြန်ပေး​တော်မူ​မည်​။


အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။


ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။


သူ​၏​အိမ်​၌ စည်းစိမ်​ဥစ္စာ​ရှိ​၏​။ သူ​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း ထာဝရ​တည်​လိမ့်မည်​။


သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းမွန်​စွာ​နေထိုင်​ရ​၍ သူ​၏​သားစဉ်မြေးဆက်​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


ဘေးအန္တရာယ်​သည် သင့်​အပေါ်​သို့ ကျရောက်​မည်​မ​ဟုတ်​။ ဘေးဒဏ်​သည်​လည်း သင်​၏​တဲ​အနီး​သို့ ချဉ်းကပ်​မည်​မ​ဟုတ်​။


သင်​သည် သွား​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို​စုဝေး​စေ​ပြီးလျှင် သူ​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် ငါ့​အား ကိုယ်​ထင်ရှားပြ​တော်မူ​လျက် “​ငါ​သည် သင်​တို့​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​တွင် သင်​တို့​၌​ဖြစ်ပျက်​သော​အရာ​ကို​လည်းကောင်း အမှန်ပင် အကြည့်အရှု​ကြွလာ​ပြီ​။


သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကောင်းချီးခံစား​ရ​မည်​။


ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ မြို့​သို့​ပြန်ရောက်​ချိန်​တွင် မြို့​မှာ မီးရှို့ဖျက်ဆီး​ထား​ခြင်း​ခံရ​သည်​ကို တွေ့ရှိ​ရ​၏​။ သူ​တို့​၏​ဇနီး​နှင့် သား​သမီး​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​ဖြစ်​သောကြောင့်


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos