Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 40:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်​များ​၊ ထည်ဝါမှု​များ​နှင့် တန်ဆာဆင်​လိုက်​ပါ​။ ကျက်သရေ​မင်္ဂလာ​များ​နှင့် ဆင်ယင်​လိုက်​ပါ​။

Ver Capítulo Copiar

Common Language Bible

10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။

Ver Capítulo Copiar

Garrad Bible

10 တတ် ပေ မူ၊ မြင့် မြတ် ချီး မြှောက် ခြင်း နှင့် ဆင် ယင် လျက်၊ ဘုန်း အာ နု ဘော် ကို ဝတ် ခြုံ ပြီး လျှင်၊

Ver Capítulo Copiar

Judson Bible

10 ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။

Ver Capítulo Copiar




ယောဘဝတ္တု။ 40:10
16 Referencias Cruzadas  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အစွမ်းတန်ခိုး​၊ ဘုန်း​တော်​၊ ဂုဏ်​တော်​နှင့်​ပြည့်စုံ​ပါ​၏​။ ခန့်ညားထည်ဝါ​ပါ​၏​။ ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ​အရာ​အားလုံး​ကို ပိုင်သ​တော်မူ​ပါ​၏​။ နိုင်ငံ​တော်​သည် ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​၏​ဦးခေါင်း​ထက်​တွင် ချီးမြှောက်​ခြင်း​ခံရ​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။


မြင်း​ကို သင်​ခွန်အား​ပေး​နိုင်​သလော​။ မြင်း​၏​လည်ဆံမွေး​ကို သင်​ပေါက်​စေ​သလော​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို ကယ်တင်​ခြင်း​နှင့်​တင့်တယ်​စေ​တော်မူ​၏​။


ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် သူ​၏​ဘုန်းအသရေ​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို သူ့​အား​အပ်နှင်း​တော်မူ​၏​။


ဘုရားသခင်​သည် လှပ​ခြင်း​နှင့်​ပြည့်စုံ​သော ဇိအုန်​ပေါ်မှ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​၏​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။


သင့်​အစ်ကို​အာရုန်​ဂုဏ်သရေ​ရှိ​၍ တင့်တယ်ခန့်ညား​ဖို့ သူ့​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို သင်​ချုပ်လုပ်​ပေး​ရ​မည်​။


ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​ရင်အုပ်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​တော်မူ​၏​။ ခေါင်း​ပေါ်၌ ကယ်တင်​ခြင်း​သံခမောက်​ကို ဆောင်း​တော်မူ​၏​။ လက်စားချေ​ခြင်း​ဝတ်ရုံ​ကို​ဝတ်ဆင်​၍ စိတ်အားထက်သန်​ခြင်း​ဝတ်လုံ​ကို လွှမ်းခြုံ​တော်မူ​၏​။


ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။]


ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos