ယောဘဝတ္တု။ 36:22 - မြန်မာ့စံမီသမ္မာကျမ်း22 ကြည့်ရှုလော့။ ဘုရားသခင်သည် တန်ခိုးတော်ကြောင့် ချီးမြှောက်ခြင်းခံရ၏။ ထိုသို့ ကိုယ်တော်နှင့်တူသောဆရာ မည်သူရှိသနည်း။ Ver CapítuloCommon Language Bible22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။ Ver CapítuloGarrad Bible22 ကြည့် ပါ လော့။ ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် မြင့် မြတ် စွာ စီ ရင် တော် မူ၏။ ကိုယ် တော် နှင့် တူ သော ဆ ရာ ကား၊ မည် သူ နည်း။ Ver CapítuloJudson Bible22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ်ချုပ်နိုင်သနည်း။ Ver Capítulo |
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။