Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 36:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သင်​၏​ချမ်းသာကြွယ်ဝ​ခြင်း​သည် သင့်​ကို ဆင်းရဲဒုက္ခ​နှင့် ကင်းဝေး​စေ​နိုင်​မည်လော​။ သင်​၏​စွမ်းအား​ရှိသမျှ​တို့​သည်​လည်း ထိုသို့​ပြု​ပေး​နိုင်​မည်လော​။

Ver Capítulo Copiar

Common Language Bible

19 သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။

Ver Capítulo Copiar

Garrad Bible

19 ကျဉ်း ကျပ် ခြင်း နှင့် ကင်း လွတ် စေ ရန်၊ သင်၏ အော် ဟစ် သံ ကိုလည်း ကောင်း၊ စည်း စိမ် တန် ခိုး ရှိ သ မျှ ကိုလည်း ကောင်း၊ အ ရေး ယူ တော် မူ မည် လော။

Ver Capítulo Copiar

Judson Bible

19 သင်၏​ဥ​စ္စာ​ကို ပ​မာ​ဏ​ပြု​တော်​မူ​မည်​လော။ ရွှေ​ကို​လည်း​ကောင်း၊ များ​စွာ​သော စည်း​စိမ်​ကို​လည်း​ကောင်း ပေး​ချင်​သော်​လည်း၊ ပ​မာ​ဏ​ပြု​တော်​မ​မူ။

Ver Capítulo Copiar




ယောဘဝတ္တု။ 36:19
13 Referencias Cruzadas  

သူ​တို့​သည် တစ်ခဏချင်း​တွင် သေသွား​နိုင်​၏​။ ညသန်းခေါင်​ချိန်​တွင်ပင် လူ​တို့​သည် တုန်လှုပ်ချောက်ချား​၍ သေဆုံး​သွား​တတ်​ကြ​၏​။ အားကြီး​သူ​တို့​ပင် လူ့​လက်​ဖြင့်​မ​ဟုတ် မိမိ​အလိုလို​ပျောက်ကွယ်​သွား​ရ​တတ်​၏​။


အမျက်​တော်​ကြောင့် သင်​သည် အပြစ်ဒဏ်​မ​ခံရ​စေရန် သတိပြု​လော့​။ များစွာ​သော​တံစိုးလက်ဆောင်​ကြောင့် သင်​လမ်း​မ​လွဲ​နှင့်​။


လူ​တို့​အား သူ​တို့​ရှိ​ရာ​နေရာ​မှ​နုတ်ယူ​သွား​တတ်​သော​ညအချိန်​မျိုး​ကို မ​တောင့်တ​ပါ​နှင့်​။


ဘုရားသခင်​သည် အမျက်​ကို ပြန်ထိန်း​တော်မူ​မည်​မ​ဟုတ်​။ ရာဟပ်​အား ကူညီ​သူ​တို့​ပင် ခြေ​တော်​အောက်​၌ ပြားပြားဝပ်​ကြ​ရ​၏​။


လူ​သည် သူတစ်ပါး​ကို လုံးဝ​ရွေးနုတ်ကယ်တင်​၍​မ​ရ​နိုင်​။ မိမိ​အတွက်​ရွေးနုတ်စရာ​အဖိုးအခ​ကို​လည်း ဘုရားသခင်​အား မ​ပေး​နိုင်​။


မတရား​သဖြင့်​ရ​သော​ဥစ္စာဘဏ္ဍာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​လွတ်မြောက်​စေ​တတ်​၏​။


မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။


အမျက်​တော်​ထင်ရှား​ရာ​နေ့​၌ စည်းစိမ်ဥစ္စာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​ကယ်နုတ်​တတ်​၏​။


ထို​နေ့ရက်​၌ လူ​တို့​သည် မိမိ​တို့​ရှိခိုးကိုးကွယ်​ရန် ထုလုပ်​ထား​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​တို့​ကို ပွေး​များ​၊ လင်းနို့​များ​အလယ်​၌ ပစ်ထား​ကြ​မည်​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါးထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​သာ တွေ့​ရ​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


သင်​တို့​၏​ရွှေ​ငွေ​များ​သည် အချေး​တက်​လျက်​ရှိ​ပြီ။ ထို​အချေး​သည်​လည်း သင်​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​၍ သင်​တို့​အသား​ကို မီး​ကဲ့သို့ လှိုက်စား​လိမ့်မည်။ သင်​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ဥစ္စာ​များ​ကို​သိုမှီး​ထား​ကြ​သည်​တကား။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos