Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 36:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သို့သော် သင်​သည် လူဆိုး​တို့​ခံရ​မည့်​စီရင်​ခြင်း​မျိုး​ကို အယုတ်အလျော့​မ​ရှိ​ခံရ​၍ မှန်ကန်​သော​တရားစီရင်ခြင်း​သည်​လည်း သင့်​ကို ဖမ်းကိုင်​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

17 သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။

Ver Capítulo Copiar

Garrad Bible

17 သင် သည် ဆိုး ယုတ် သော စီ ရင် ဆုံး ဖြတ် ခြင်း နှင့် ပြည့် သော ကြောင့်၊ စီ ရင် ဆုံး ဖြတ် တော် မူ ခြင်း သည်၊ သင့် ကို ကျော့ ဖမ်း လိမ့် မည်။

Ver Capítulo Copiar

Judson Bible

17 သို့​မ​ဟုတ် မ​တ​ရား​သော​သူ​ကဲ့​သို့ အ​ပြစ်​နှင့်​ပြည့်​စုံ​လျှင်၊ အ​ပြစ်​နှင့် ယှဉ်​သော​ဒဏ်​ကို ခံ​ရ​မည်။

Ver Capítulo Copiar




ယောဘဝတ္တု။ 36:17
10 Referencias Cruzadas  

ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။


ထို့ကြောင့် ကျော့ကွင်း​များ​သည် သင့်​ကို​ဝိုင်းရံ​ထား​ပြီး ရုတ်တရက်​ကျရောက်​သော​ကြောက်မက်ဖွယ်ဘေး​သည်​လည်း သင့်​ကို ထိတ်လန့်​စေ​ပြီ​။


အမှောင်ကျ​သဖြင့် သင်​ဘာမျှ​မ​မြင်​နိုင်​။ ရေထုကြီး​သည် သင့်​ကို​လွှမ်းမိုး​လေ​ပြီ​။


သင်​ပြု​သော​မကောင်းမှု​များ​မှာ များပြား​လွန်း​သည်​မ​ဟုတ်​လော​။ သင်​ပြု​သော​အပြစ်​များ​မှာ​လည်း အဆုံး​မ​ရှိ​။


ယောဘ​သည် အပြစ်ဒုစရိုက်သား​ကဲ့သို့ တုံ့ပြန်ပြောဆို​သည်​ဖြစ်၍ အဆုံးထိ​စစ်ဆေး​ခြင်း​ခံရ​တော့​မည်​။


ယောဘ​နှင့်​တူ​သော​သူ ရှိ​သလော​။ သူ​သည် ကဲ့ရဲ့လှောင်ပြောင်​ခြင်း​ကို ရေ​ကဲ့သို့​သောက်​တတ်​၏​။


သူ​သည် ဒုစရိုက်သမား​တို့​နှင့်​အဖော်ပြု​၍ ခရီးသွား​၏​။ လူဆိုး​တို့​နှင့် သွားလာ​၏​။


မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။


ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။


ထို့နောက် ကောင်းကင်​မှ​အခြား​သော​အသံ​က “ငါ့​လူမျိုး​တို့၊ သင်​တို့​သည် သူ​၏​အပြစ်​များ​၌ မ​ပါဝင်​စေရန်​လည်းကောင်း၊ သူ​ခံရ​မည့်​ဘေးဒဏ်​တစ်စုံတစ်ခု​ကို​မျှ မ​ခံရ​စေရန်​လည်းကောင်း သူ့​ထံမှ ထွက်လာ​ခဲ့​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos