ယောဘဝတ္တု။ 34:19 - မြန်မာ့စံမီသမ္မာကျမ်း19 ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။ Ver CapítuloCommon Language Bible19 ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။ Ver CapítuloJudson Bible19 ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ်သောသူကို သာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည် မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။ Ver Capítulo |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။