Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 31:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ငါ့​စိတ်​သည် တိတ်တဆိတ်​သွေးဆောင်​ခံရ​၍ လက်အုပ်ချီ​ရှိခိုး​မိ​လျှင်

Ver Capítulo Copiar

Common Language Bible

27 ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊

Ver Capítulo Copiar

Garrad Bible

27 လျှို့ ဝှက် စွာ စိတ် စွဲ လျက်၊ နှုတ် ဖြင့် လက် ကို နမ်း ရှုတ် ဝတ် ပြု ခဲ့ လျှင်လည်း ကောင်း၊

Ver Capítulo Copiar

Judson Bible

27 ငါ့​စိတ်​နှ​လုံး​သည် တိတ်​ဆိတ်​စွာ​နူး​ညွတ်၍ ငါ့​လက်​ကို ငါ​နမ်း​မိ​သော်​လည်း​ကောင်း၊

Ver Capítulo Copiar




ယောဘဝတ္တု။ 31:27
12 Referencias Cruzadas  

အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် တောက်ပ​သော​နေမင်း​နှင့် ကျက်သရေရှိရှိ ရွေ့​နေ​သော​လ​ကို ကြည့်​ပြီး


ဤသို့​ပြု​ခြင်း​သည်​လည်း အထက်​အရပ်​ရှိ​ဘုရားသခင်​ကို ငြင်းဆန်​ရာ​ရောက်​သဖြင့် ဒဏ်ခံထိုက်​သော​အပြစ် ဖြစ်​၏​။


သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


သူ​သည် ပြာပုံ​တွင်​ကျက်စား​၏​။ သူ​၏​စိတ်နှလုံး​သည် လှည့်စား​ခြင်း​ခံရ​၍ သူ့​ကို​လမ်းလွဲ​စေ​ပြီ​။ သူ​သည် ကိုယ့်​ဝိညာဉ်​ကို ကိုယ်​မ​ကယ်တင်​နိုင်​။ ‘​ငါ့​လက်ယာ​လက်​ထဲ၌​ရှိ​သော​အရာ​ကား မုသား​သာ​မ​ဟုတ်​လော​’​ဟု ပြော​နိုင်​စွမ်း​မ​ရှိ​။


တစ်ဖန် ငါ့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​သို့ ဆောင်သွား​ရာ လူ​နှစ်ဆယ့်​ငါး​ယောက်​ခန့်​သည် ဆင်ဝင်​နှင့် ယဇ်ပလ္လင်​ကြား​ရှိ ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးဝ​တွင် ထာဝရဘုရား​၏​ဗိမာန်တော်​ကို ကျောခိုင်း​ပြီး အရှေ့​အရပ်​သို့​မျက်နှာမူ​၍ အရှေ့​အရပ်​ရှိ​နေမင်း​အား ရှိခိုးကိုးကွယ်​ကြ​သည်​ကို တွေ့​ရ​၏​။


သူ​တို့​သည် အပြစ်​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ သူ​တို့​ကိုယ်ပိုင်​ဉာဏ်​ဖြင့် သူ​တို့​အဖို့ ငွေ​ရုပ်တု​ကို လုပ်​ကြ​၏​။ ထို​ရုပ်တု​အားလုံး​သည် လက်မှုပညာသည်​တို့​၏​လက်ရာ​သက်သက်​သာ ဖြစ်​၏​။ ထို​သူ​တို့​က “​ယဇ်ပူဇော်​သော​လူ​တို့​သည် နွားသငယ်ရုပ်တု​ကို​နမ်း​ကြ​စေ​”​ဟု ဆို​ကြ​၏​။


အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


သင်​တို့​သည် သွေးဆောင်​ခြင်း​ခံရ​သဖြင့် လမ်းလွဲ​၍ အခြား​ဘုရား​များ​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​မိ​စေရန် သတိပြု​လော့​။


သင်​၏​မအေတူဖအေကွဲ​ညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့်


မိုးကောင်းကင်​သို့​မျှော်ကြည့်​၍ နေ​၊ လ​၊ ကြယ်​စသော ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​မြင်​သောအခါ သင်​တို့​သည် သွေးဆောင်​ခံရ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ လူမျိုး​အပေါင်း​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​ပေး​ထား​သော​ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos