Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 27:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ့​ရန်သူ​သည် ဆိုးယုတ်​သော​သူ​ကဲ့သို့​လည်းကောင်း​၊ ငါ့​ကို​ဆန့်ကျင်​သော​သူ​သည် လူဆိုးသူခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေ​။

Ver Capítulo Copiar

Common Language Bible

7 ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။

Ver Capítulo Copiar

Garrad Bible

7 ငါ့ ရန် သူ သည် လူ ဆိုး ကဲ့ သို့လည်း ကောင်း၊ တစ် ဘက်၌ ထ ကြွ သူ လည်း မ တ ရား သူ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ သော။

Ver Capítulo Copiar

Judson Bible

7 ငါ့​ရန်​သူ​သည် ဆိုး​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ ထ​သော​သူ​သည် မ​ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။

Ver Capítulo Copiar




ယောဘဝတ္တု။ 27:7
6 Referencias Cruzadas  

ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။


ဖြောင့်မတ်​ခြင်း​ကို လက်​မ​လွှတ်​ဘဲ စွဲကိုင်​ထား​မည်​။ ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်​မ​တင်​ရ​အောင် နေ​မည်​။


ဘုရားတရားမဲ့​သော​သူ​သည် ပျက်စီး​၍ သူ့​အသက်​ကို ဘုရားသခင် နုတ်ယူ​ပစ်​လိုက်​သောအခါ သူ​၏​မျှော်လင့်​ရာ​ကား အဘယ်မှာ​နည်း​။


ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။


ဗေလတရှာဇာ ခေါ် ဒံယေလ​လည်း အနည်းငယ်​မျှ​တွေဝေ​နေ​၏​။ တွေး​ပြီး ထိတ်လန့်​နေ​၏​။ ရှင်ဘုရင်​က​လည်း “​ဗေလတရှာဇာ​၊ အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ် ဖော်ပြ​ရ​မည်​ကို မ​စိုးရိမ်​ပါ​နှင့်​”​ဟု မိန့်ဆို​လျှင် ဗေလတရှာဇာ​က “​အရှင်​မင်းကြီး​၊ ဤ​အိပ်မက်​သည် မင်းကြီး​ကို​မုန်း​သော​သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​၊ အိပ်မက်​အနက်အဓိပ္ပာယ်​သည်​လည်း မင်းကြီး​၏​ရန်သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​။


ယခုမှာ အကျွန်ုပ်​၏​သခင်​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သခင်​လည်း အသက်ရှင်​သည်​နှင့်အညီ ထာဝရဘုရား​သည် သခင့်​လက်​ကို လူသတ်​ခြင်း​ဘေး​၊ သခင်​ကိုယ်တိုင် လက်စားချေ​ခြင်း​ဘေး​မှ ဆီးတား​တော်မူ​ပြီ​။ သခင့်​ရန်သူ​၊ သခင့်​ကို အန္တရာယ်​ပြု​ရန် ကြံစည်​သော​သူ​တို့​သည် နာဗလ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos