ယောဘဝတ္တု။ 27:2 - မြန်မာ့စံမီသမ္မာကျမ်း2 “ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ Ver CapítuloCommon Language Bible2 ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊ Ver CapítuloGarrad Bible2 ငါ့ တ ရား မှု ကို ပယ် ပ တော် မူ သော ဘု ရား သ ခင်၊ စိတ် ကို နစ် နာ စေ တော် မူ သော အ န န္တ တန် ခိုး ရှင်၏ အ သက် တော် ကို တိုင် တည်၍၊ Ver CapítuloJudson Bible2 ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။