ယောဘဝတ္တု။ 26:12 - မြန်မာ့စံမီသမ္မာကျမ်း12 တန်ခိုးတော်ဖြင့် ပင်လယ်ရေကို ငြိမ်သက်စေတော်မူ၏။ ဉာဏ်တော်အားဖြင့် ရာဟပ်ကို ချေမှုန်းတော်မူ၏။ Ver CapítuloCommon Language Bible12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။ Ver CapítuloGarrad Bible12 တန် ခိုး တော် အား ဖြင့်၊ လှိုင်း တံ ပိုး ကို ထ ကြွ စေ၍၊ ဉာဏ် တော် အား ဖြင့်၊ ရေ နတ် န ဂါး ကို ထိုး ခုတ် တော် မူ၏။ Ver CapítuloJudson Bible12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ Ver Capítulo |
နေ့အချိန်၌ အလင်းရောင်ရရှိရန် နေကိုပေးသောအရှင်၊ ညအချိန်၌ အလင်းရောင်ပေးရန် လနှင့်ကြယ်များကို ပြဋ္ဌာန်းသောအရှင်၊ ပင်လယ်ရေကိုထကြွစေသောအရှင်၊ လှိုင်းတံပိုးကိုမြည်ဟိန်းစေသောအရှင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။