Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 24:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 လူ​တို့​သည် နွမ်းပါး​သော​သူ​တို့​ကို လမ်း​ပေါ်မှ​တွန်းဖယ်​တတ်​ကြ​၏​။ အဖိနှိပ်​ခံရ​သော​ပြည်သား​တို့​သည် စု​ပြီး​ပုန်းရှောင်​နေ​ရ​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

4 ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။

Ver Capítulo Copiar

Garrad Bible

4-5 ထို့ ကြောင့်၊ သူ ဆင်း ရဲ တို့ ကို လမ်း ဖဲ ကြ စေ သည့် အ တိုင်း၊ ထို နိမ့် ကျ သူ မြေ ကြီး သား တို့ တစ် ပြိုင် နက် ရှောင် သွား ကြ ပြီး လျှင်၊ မြင်း ရိုင်း များ ကဲ့ သို့၊ တော၌ အ စာ ရှာ ခြင်း အ လုပ် ကို လုပ် ရန် ထွက် သွား ရာ၊ တော၌ ပင် သူ ငယ် တို့ စား ရန် အ စာ ကို ရ ကြ ရှာ လေ၏။

Ver Capítulo Copiar

Judson Bible

4 ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 24:4
22 Referencias Cruzadas  

လူသတ်သမား​သည် အရုဏ်တက်​ချိန်​တွင် ထ​၍ ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို သတ်​တတ်​၏​။ ညဘက်​တွင်​မူကား သူ​သည် သူခိုး​ကဲ့သို့​ဖြစ်​၏​။


ငါ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သော​ဆင်းရဲသား​နှင့် အကူအညီမဲ့​သော​ဖတဆိုး​တို့​ကို ကယ်မ​ပေး​ခဲ့​၏​။


နွမ်းပါး​သူ​တို့​အဖို့ ဖခင်​၊ သူစိမ်း​တို့​၏​အမှုကိစ္စ​ကို ကူညီဖြေရှင်း​ပေး​ခဲ့​သူ​ဖြစ်​၏​။


ဒုက္ခ​ရောက်​သော​သူ​အတွက် ငါ​မ​ငိုကြွေး​ဘဲ​နေ​ခဲ့​သလော​။ နွမ်းပါး​သော​သူ​အတွက် ငါ​ဝမ်း​မ​နည်း​ဘဲ​နေ​ခဲ့​သလော​။


ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။


ဝတ်စရာ​မ​ရှိ​၊ ခြုံစရာ​မ​ရှိ​သဖြင့် ဘဝပျက်​နေ​ရ​သည့်​နွမ်းပါး​သူ​တစ်စုံတစ်ဦး​ကို မြင်​ရ​သောအခါ


အကြောင်းမူကား သူ​သည် မေတ္တာကရုဏာ​ပြ​ရန် မ​စဉ်းစား​ဘဲ အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​နှင့် စိတ်နှလုံး​ကြေကွဲ​သော​သူ​ကို လိုက်လံ​သတ်ဖြတ်​ခဲ့​၏​။


ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။


ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။


မိမိ​ဥစ္စာ​တိုးပွား​စေရန် ဆင်းရဲ​သော​သူ​ကို​နှိပ်စက်​သော​သူ​၊ သို့မဟုတ် ချမ်းသာ​သော​သူ​ကို ပေးကမ်း​သော​သူ​သည် အမှန်ပင် ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​တို့ အောင်ပွဲခံ​ကြ​သောအခါ ကြီးစွာ​သော​ဂုဏ်ကျက်သရေ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​တို့ ခေါင်းထောင်​လာ​သောအခါ​၌​မူကား လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။


ဆိုးယုတ်​သော​သူ​တို့​ခေါင်းထောင်​လာ​သောအခါ လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။ သူ​တို့​ပျက်စီး​သွား​သောအခါ​၌​မူကား ဖြောင့်မတ်​သော​သူ​တို့​သည် တိုးပွား​ကြ​လိမ့်မည်​။


အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊ နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန် သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။


ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊


သူ​၏​ဖခင်​သည် ညီအစ်ကို​တို့​ကို ရက်ရက်စက်စက်​နှိပ်စက်​၍ သူ​တို့​၏​ဥစ္စာ​ကို မတရား​လုယူ​ပြီး မိမိ​လူမျိုး​တို့​တွင် မ​ကောင်း​သော​အမှု​ကို​ပြုကျင့်​သောကြောင့် ကြည့်ရှု​လော့​။ သူ​သည် မိမိ​အပြစ်​အတွက်​သေ​ရ​လိမ့်မည်​။


ပြည်သား​တို့​သည်​လည်း အကျင့်ဆိုး​ကို ကျင့်​ကြ​၏​။ ခိုးဆိုးတိုက်ခိုက်​ကြ​၏​။ ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​အား နိုင်ထက်စီးနင်း​ပြု​ကြ​၏​။ တိုင်းတစ်ပါးသား​တို့​အား မတရား​နှိပ်စက်​ကြ​၏​။


ဆင်းရဲသား​တို့​၏​ခေါင်း​ကို မြေမှုန့်​၌​နင်းချေ​ပြီး စိတ်နှိမ့်ချ​သော​သူ​တို့ လျှောက်​သော​လမ်း​ကို ကာဆီး​ကြ​ပြီ​။ သား​အဖ​နှစ်​ယောက်​က မိန်းမ​တစ်ယောက်တည်း​နှင့်​ပေါင်းဖော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို ညစ်ညူး​စေ​လေ​ပြီ​။


ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos