Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 24:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သူ​တို့​သည် ခဏတာ​ချီးမြှောက်​ခံရ​ပြီးမှ ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ နှိမ့်ချ​ခြင်း​ခံရ​၍ အများသူငါ​ကဲ့သို့ စုသိမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်နှံ​ကဲ့သို့ ရိတ်ဖြတ်​ခြင်း ခံရ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

24 ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။

Ver Capítulo Copiar

Garrad Bible

24 ထို သူ တို့ သည် ချီး မြှောက် ခြင်း သို့ ရောက်၍ ရုတ် တ ရက် မ ရှိ ချေ။ လူ ဟူ သ မျှ ကဲ့ သို့ ရှုတ် ချ သိမ်း ယူ ခြင်း ကိုလည်း ကောင်း၊ ကောက် နှံ ကဲ့ သို့ ရိတ် ဖြတ် ခြင်း ကိုလည်း ကောင်း၊ ခံ ရ ကြ၏။

Ver Capítulo Copiar

Judson Bible

24 ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 24:24
13 Referencias Cruzadas  

သူ့​သား​တို့​ချီးမြှောက်​ခံရ​လျှင်​လည်း သူ​မ​သိ​ရ​ပါ​။ သူ​တို့​အထင်သေး​ခံရ​လျှင်​လည်း သူ​နား​မ​လည်​ပါ​။


ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


သူ​တို့​သည် အသက်ရှင်​စဉ် စည်းစိမ်ချမ်းသာ​များ​ကို သုံးဖြုန်း​ကြ​၏​။ တစ်ခဏချင်း​တွင် မရဏာနိုင်ငံ​သို့ ရောက်သွား​တတ်​ကြ​၏​။


ချိုင့်ဝှမ်း​ရှိ​မြေခဲရွှံ့ခဲ​တို့​သည် သူ့​အဖို့ ချိုမြိန်​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် သူ့​နောက်သို့ လိုက်​ကြ​လိမ့်မည်​။ သူ့​ရှေ့​၌​သွား​နှင့်​သော​သူ​တို့​သည်​လည်း မ​ရေ​မ​တွက်​နိုင်​အောင် များပြား​၏​။


သင့်​ကို​မုန်း​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​ကို ဝတ်ဆင်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​တဲ​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။


သူ​တို့​သည် ချက်ချင်းပင် ကြီးစွာ​သော​ပျက်စီး​ခြင်း​သို့​ရောက်​၍ ထိတ်လန့်ဖွယ်​ရာ​များ​ဖြင့် အကုန်အစင် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​ပါ​သည်​တကား​။


ဆိုးယုတ်​သော​သူ​တို့​သည် မြက်ပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍ အပြစ်ဒုစရိုက်​ပြု​သော​သူ အပေါင်း​တို့​သည် ရှင်သန်​ကြ​ခြင်း​မှာ ထာဝရ​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏​။


နေ​သည် အပူရှိန်​နှင့်တကွ​ထွက်လာ​သောအခါ မြက်​ပင်​ကို ညှိုးနွမ်း​ခြောက်သွေ့​စေ​တတ်​၏။ ထိုအခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်တယ်​သော​အဆင်း​သည်​ပျက်စီး​သွား​၏။ ထိုနည်းတူ ချမ်းသာ​သော​သူ​သည်​လည်း မိမိ​၏​စီးပွား​ရှာဖွေ​မှု​အလယ်​၌​ပင် မှေးမှိန်​ကွယ်ပျောက်​သွား​လိမ့်မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos