ယောဘဝတ္တု။ 24:12 - မြန်မာ့စံမီသမ္မာကျမ်း12 မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။ Ver CapítuloCommon Language Bible12 လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။ Ver CapítuloGarrad Bible12 စည် ကား သော မြို့ တွင် လူ တို့ ညည်း တွား လျက်၊ ထိ ပါး ခံ ရ သူ တို့ အော် ဟစ် သော် လည်း၊ ထို အ ဓ မ္မ မှု ကို ဘု ရား သ ခင် အာ ရုံ ပြု တော် မ မူ။ Ver CapítuloJudson Bible12 လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသောစကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။