Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 23:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ငါ့​မျက်နှာ​ကို အမှောင်ထုကြီး ဖုံးလွှမ်း​နေ​၍ ငါ့​ရှေ့​တွင် အမှောင်ထု​ကာ​နေ​သော်လည်း ငါ​နှုတ်ဆိတ်​နေ​မည်​မ​ဟုတ်​ပါ​။

Ver Capítulo Copiar

Common Language Bible

17 အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။

Ver Capítulo Copiar

Garrad Bible

17 မှောင် မိုက် ကြောင့်လည်း ကောင်း၊ ငါ့ မျက် နှာ ကို ဖုံး အုပ် သော မှောင် အ တိ ကြောင့်လည်း ကောင်း၊ ငါ စိတ် ပျက် သည် မ ဟုတ်။

Ver Capítulo Copiar

Judson Bible

17 အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​မ​ရောက်​မီ ငါ့​ကို​ပယ်​ရှင်း​တော်​မ​မူ၊ ထူ​ထပ်​သော​မှောင်​မိုက်​မှ ငါ့​ကို​ကွယ်​ကာ​တော်​မ​မူ​ပါ​တ​ကား။

Ver Capítulo Copiar




ယောဘဝတ္တု။ 23:17
10 Referencias Cruzadas  

ထို့ကြောင့် သင့်​ဘိုးဘေး​များ​ရှိ​ရာ​သို့ သင့်​ကို ငါ​စုစည်း​မည်​။ သင်​သည် သင့်​သင်္ချိုင်း​တွင် ငြိမ်ဝပ်​စွာ​စုစည်း​ခြင်း​ခံရ​လိမ့်မည်​။ ဤ​မြို့​သို့ ငါ​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​တို့​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ကြောင်း​ပြောကြား​လော့​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ပြန်သွား​၍ ဤ​စကား​တို့​ကို ရှင်ဘုရင်​ထံ လျှောက်တင်​ကြ​၏​။


အဘယ်ကြောင့် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ ထွက်လာ​စေ​သနည်း​။ မည်သူ​မျှ​မ​မြင်​ရ​မီ အကျွန်ုပ်​သေ​ခဲ့​သင့်​ပါ​၏​။


သို့ဖြစ်လျှင် အကျွန်ုပ်​သည် တစ်ခါမျှ​မ​ရှိ​ခဲ့​ဖူး​သော​သူ​ကဲ့သို့​ဖြစ်​၍ အမိ​ဝမ်း​ထဲမှ သင်္ချိုင်း​သို့​တစ်ခါတည်း​ရောက်သွား​မည်​ဖြစ်​၏​။


အမှောင်​ထဲမှ ပြန်လှည့်​လာ​နိုင်​မည်​ဟု သူ​မ​ယုံ​နိုင်​။ ဓား​သည်​လည်း သူ့​ကို​စောင့်ကြို​နေ​၏​။


သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။


ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။


အမှောင်ကျ​သဖြင့် သင်​ဘာမျှ​မ​မြင်​နိုင်​။ ရေထုကြီး​သည် သင့်​ကို​လွှမ်းမိုး​လေ​ပြီ​။


ဘုရားသခင်​သည် ငါ့​ကို အမှုန့်ချေ​ပစ်​ဖို့​ရန် အလို​တော်​ရှိ​ပါစေသော​။ လက်​တော်​ကို​ဆန့်​၍ ငါ့​ကို ကွပ်မျက်​ပါစေသော​။


ဖြောင့်မတ်​သော​သူ​ဆုံးပါး​သွား​သည်​ကို မည်သူ​မျှ​နှလုံး​မ​သွင်း​ကြ​။ ကျေးဇူးပြု​တတ်​သော​သူ​တို့ ရုပ်သိမ်း​ခြင်း​ခံရ​သည်​ကို မည်သူ​မျှ​နား​မ​လည်​ကြ​။ အကယ်စင်စစ် ဖြောင့်မတ်​သော​သူ​သည် မကောင်းမှု​ထဲမှ​ရုပ်သိမ်း​ခံရ​ခြင်း​ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos