Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 22:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အာဏာရှိ​သော​သူ​တို့​သည် မြေ​များ​ကို ပိုင်ဆိုင်​၍ ဂုဏ်သရေရှိ​သော​သူ​တို့​သည် ထို​မြေ​ပေါ်တွင် နေထိုင်​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

8 အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။

Ver Capítulo Copiar

Garrad Bible

8 လက် ရုံး ကောင်း သူ သည် နေ ပြည် ကို ပိုင် ရ၍၊ မျက် နှာ ကြီး သူ လည်း တည် နေ ခွင့် ရ ရှိ လျက် ပင်၊

Ver Capítulo Copiar

Judson Bible

8 အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 22:8
10 Referencias Cruzadas  

ယဇ်ပုရောဟိတ်​တို့​ကို ခြေဗလာ​ဖြင့် ဖမ်းခေါ်​သွား​စေ​၍ အားကြီး​သော​သူ​တို့​ကို​လည်း ရှုံးနိမ့်​စေ​တော်မူ​၏​။


သင်​တို့​သည် ကိုယ်တော့်​ဘက်မှာ​နေ​ကြ​မည်လော​။ ဘုရားသခင်​အတွက် လျှောက်လဲ​ပေး​ကြ​မည်လော​။


ငါ​သည် လူအုပ်​ကြီး​ကို ကြောက်​၍ ဆွေမျိုးသားချင်း​တို့ ကဲ့ရဲ့​မည်​ကို စိုးရိမ်​သဖြင့် တံခါး​အပြင်​သို့​မ​ထွက်​ဘဲ တိတ်ဆိတ်​စွာ​နေ​ဖူး​သလော​။


ကမ္ဘာမြေကြီး​ကို ဆိုးယုတ်​သော​သူ​တို့​လက်​သို့​အပ်​၍ တရားသူကြီး​တို့​၏​မျက်နှာ​ကို ဖုံးအုပ်​ထား​တော်မူ​သော​အရှင်​မှာ ကိုယ်တော်​မ​ဟုတ်​လျှင် မည်သူ​ဖြစ်​မည်နည်း​။


ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။


လူ​ငါးဆယ်​အုပ်​၊ ဂုဏ်သရေရှိသူ​၊ အကြံပေးသူ​၊ လက်မှုအတတ်​ကျွမ်းကျင်​သူ​၊ မန်းမှုတ်​သော​အတတ်​ကျွမ်းကျင်​သူ​တို့​ကို​လည်း ဖယ်ရှား​တော်မူ​၏​။


ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။


သူ​တို့​၏​လက်​နှစ်ဖက်စလုံး​သည် မကောင်းမှု​၌ ကျင်လည်​တတ်​ကြ​၏​။ အကြီးအကဲ​များ​၊ တရားသူကြီး​များ​သည် တံစိုးလက်ဆောင်​ကို တောင်းဆို​တတ်​ကြ​၏​။ မင်းအရာရှိ​တို့​သည်​လည်း မိမိ​တို့​စိတ်​အလိုရမ္မက်​ကို​သာ ဖော်ပြ​တတ်​ကြ​၏​။ ထို​သူ​တို့​သည် တစ်ကျိတ်တည်း​တစ်ဉာဏ်တည်း ဖြစ်​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos