ယောဘဝတ္တု။ 21:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။ Ver CapítuloCommon Language Bible26 နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။ Ver CapítuloGarrad Bible26 နှစ် ဦး လုံး တို့ သည် အ တူ တ ကွ မြေ မုန့်၌ အိပ် လဲ၍၊ လောက် များ လွှမ်း မိုး လျက် ရှိ၏။ Ver CapítuloJudson Bible26 နှစ်ယောက်လုံးတို့သည် မခြားမနား၊ မြေမှုန့်၌အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။ Ver Capítulo |
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။