Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 21:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သူ​တို့​သည် ပတ်သာ​၊ စောင်း​တို့​ကို​တီး​လျက် သီချင်းဆို​ကြ​၏​။ ပလွေသံ​များ​ဖြင့် ဝမ်းမြောက်ပျော်ရွှင်​လျက် နေ​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

12 သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။

Ver Capítulo Copiar

Garrad Bible

12 ထို သူ တို့ သည် စောင်း ပတ် သာ တီး ခြင်း၊ သီ ဆို ခြင်း နှင့် တ ကွ၊ နှဲ ခ ရာ မှုတ် သံ ကို နာ ခံ ရွှင် လန်း လျက်၊ ကောင်း စား စဉ် အ သက် တာ ကုန် လွန်၍၊

Ver Capítulo Copiar

Judson Bible

12 သူ​တို့​သည် ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက်၊ သီ​ချင်း​ဆို၍ နှဲ​ခ​ရာ​မှုတ်​သံ​နှင့် ဝမ်း​မြောက်​တတ်​ကြ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 21:12
8 Referencias Cruzadas  

ငါ​သည် ပတ်သာ​နှင့်​စောင်း​တီး​လျက်​၊ ဝမ်းမြောက်​စွာ​သီချင်းဆို​လျက် သင့်​ကို​လွှတ်လိုက်​လို​သည်​ကို သင်​သည် ငါ့​ကို​ဘာမျှ​မ​ပြော​၊ မလိမ့်တပတ်လုပ်​၍ အဘယ်ကြောင့်​တိတ်တဆိတ်​ထွက်ပြေး​ရ​သနည်း​။


သူ့​ညီ​၏​အမည်​မှာ ယုဗလ ဖြစ်​၏​။ ယုဗလ​သည် စောင်း​နှင့်​ပလွေ​တို့​ကို တီးမှုတ်​တတ်​သော​သူ​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။


သူ​တို့​၏​သားသမီး​များ​ကို သိုးအုပ်​ကဲ့သို့ လွှတ်လိုက်​၍ သူ​တို့​၏​ကလေးသူငယ်​များ​သည်​လည်း ကခုန်​ကြ​၏​။


သူ​တို့​သည် အသက်ရှင်​စဉ် စည်းစိမ်ချမ်းသာ​များ​ကို သုံးဖြုန်း​ကြ​၏​။ တစ်ခဏချင်း​တွင် မရဏာနိုင်ငံ​သို့ ရောက်သွား​တတ်​ကြ​၏​။


ပတ်သာတီး​လျက်​၊ ကခုန်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ကြိုးတပ်​တူရိယာ​များ​တီး​လျက်​၊ ပလွေ​များ​မှုတ်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။


“​ငါ​တို့​သည် မနက်ဖြန်​သေ​ရ​မည်​ဖြစ်၍ စား​ကြ​သောက်​ကြ​ကုန်စို့​”​ဟု ဆို​လျက် သိုး​နွား​တို့​ကို​သတ်​၍ အသား​စား​ကြ​၏​။ စပျစ်ဝိုင်​သောက်​လျက် ရွှင်မြူး​ဝမ်းမြောက်​ကြ​၏​။


သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos