ယောဘဝတ္တု။ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်ကိုမူ ချမ်းသာပေးရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ Ver CapítuloGarrad Bible6 ထာ ဝ ရ ဘု ရား က၊ သူ သည် သင့် လက် ဝယ် ရှိ၏။ အ သက် ကို ကား ခြွင်း ထား လော့ ဟု မိန့် တော် မူ သော်၊ Ver CapítuloJudson Bible6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ရှိ၏။ သူ့အသက်တစ်ခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ Ver Capítulo |
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။