ယောဘဝတ္တု။ 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။ Ver CapítuloCommon Language Bible10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။ Ver CapítuloGarrad Bible10 ယော ဘ က၊ မိန်း မ ယုတ် ပြော သ ကဲ့ သို့၊ သင် ပြော လေ စွ တ ကား။ ဘု ရား သ ခင် အ ထံ တော် မှ အ ကောင်း ကို ခံ လျှင်၊ အ ဆိုး ကို လည်း ခံ အပ် သည် မ ဟုတ် တုံ လော ဟု ဆို၏။ ဤ အ မှု ရှိ သ မျှ နှင့် စပ်၍ လည်း၊ ယော ဘ သည် ဝ စီ ကံ မျှ မ ပြစ် မှား ချေ။ Ver CapítuloJudson Bible10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။ Ver Capítulo |
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။