Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 16:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အရေပြား​ပေါ်တွင် လျှော်တေအဝတ်​ကို ချုပ်ဝတ်​ထား​ရ​ပါ​၏​။ ငါ့​ဦးချို​ကို​လည်း မြေမှုန့်​ထဲ၌ မြှုပ်​ထား​ရ​ပါ​၏​။

Ver Capítulo Copiar

Common Language Bible

15 ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။

Ver Capítulo Copiar

Garrad Bible

15-17 အ ဓ မ္မ လက် နှင့် ကင်း၍၊ ပ ဌ နာ စင် ကြယ် သော် လည်း၊ ငါ သည် အ သား အ ရေ ပေါ် တွင် လျှော် တေ ကို ချုပ် ဝတ်၍၊ ဦး ချို ကို လည်း မြေ မုန့် တိုင် အောင် နှိမ့် ချ ခဲ့ လေ ပြီ။ ငို ကြွေး ခြင်း ဖြင့် မျက် နှာ ညှိုး ငယ် လျက်၊ မျက် ခမ်း ပေါ် တွင် သေ ခြင်း အ ရိပ် လွှမ်း မိုး လျက် ရှိ၏။

Ver Capítulo Copiar

Judson Bible

15 ငါ​သည် ကိုယ်​အ​ရေ​ပေါ်​မှာ လျှော်​တေ​အ​ဝတ်​ကို​ချုပ်၍ ကိုယ်​ဦး​ချို​ကို ရွှံ့​နှင့်​လူး​ပြီ။

Ver Capítulo Copiar




ယောဘဝတ္တု။ 16:15
12 Referencias Cruzadas  

ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။


အာဟပ်​မင်းကြီး​သည် ဧလိယ​စကား​ကို ကြား​သောအခါ မင်းဝတ်တန်ဆာ​များ​ကို​ဆုတ်ဖြဲ​ပစ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကာ အစာရှောင်​လေ​၏​။ လျှော်တေအဝတ်​နှင့်ပင်​အိပ်​၏​။ လမ်းလျှောက်​လျှင်​လည်း မျက်နှာမဖော်​ဝံ့​။


ငါ့​ဂုဏ်သိက္ခာ​ကို ဖယ်ရှား​တော်မူ​ပြီ​။ ငါ့​ဦးခေါင်း​မှ​သရဖူ​ကို ချွတ်ပစ်​တော်မူ​ပြီ​။


ငါ့​ကို ရွှံ့​ထဲသို့​ပစ်ချ​တော်မူ​သဖြင့် ငါ​သည် မြေမှုန့်​၊ ပြာမှုန့်​ကဲ့သို့ ဖြစ်​ရ​ပါ​၏​။


လျှော်တေအဝတ်​ကို ဝတ်​သောအခါ လူ​တို့​အတွက် ပြောစရာ​ဖြစ်လာ​ပါ​၏​။


ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လိုက်​၍​မီ​ပါစေ​။ အကျွန်ုပ်​၏​အသက်​ကို မြေ​ပေါ်မှာ​နင်းချေ​ပါစေ​။ အကျွန်ုပ်​၏​ဘုန်းအသရေ​ကို​လည်း မြေမှုန့်​ထဲမှာ​ချ​ထား​ပါစေ​။(​စေလာ)


“​ဆိုးယုတ်​သော​သူ​တို့​၏​ဦးချို​ရှိသမျှ​တို့​ကို ငါ​ပိုင်းဖြတ်​မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဦးချို​သည် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။​”


အထက်ကောင်းကင်​ထိ​တိုင်အောင် သင်​တို့​ချို​မ​ထောင်​ကြ​နှင့်​။ မောက်မာ​စွာ​မ​ပြောဆို​ကြ​နှင့်​’ ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။​”


ထို​နေ့ရက်​၌ ငိုကြွေး​မြည်တမ်း​ကြ​ရန်​နှင့် ခေါင်းတုံးတုံး​ပြီး လျှော်တေအဝတ်​ဝတ်​ကြ​ရန်​အတွက် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား နှိုးဆော်​တော်မူ​၏​။


မျှော်လင့်ချက်​ရှိ​ကောင်း​ရှိ​နိုင်​သည်​ဖြစ်၍ သူ​သည် မျက်နှာ​ကို မြေမှုန့်​၌​အပ်​ပါစေ​။


ထို့နောက် ဟန္န​က “​အကျွန်ုပ်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၌ ရွှင်လန်း​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဝမ်းမြောက်​လျက် ရန်သူ​တို့​ကို အားရ​စွာ​ချေပပြောဆို​နိုင်​ပါ​ပြီ​။


ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos