Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 15:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဆိုးယုတ်​သော​သူ​သည် ဝေဒနာ​များ​ကို​သာ တစ်သက်လုံး​ခံစား​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​သူ​တို့​အဖို့​လည်း ဝေဒနာ​နှစ်​ကာလ​များ သိုထား​လျက်​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။

Ver Capítulo Copiar

Garrad Bible

20 ဆိုး သွမ်း ကြမ်း ကြုတ် သော သူ သည်၊ ဝင် စား ရ သော အ သက် တာ နှစ် ကာ လ ပတ် လုံး၊ နာ ကျင် ခြင်း ဝေ ဒ နာ ကို ခံ ရ၍၊

Ver Capítulo Copiar

Judson Bible

20 ဆိုး​သော​သူ​သည် တစ်​သက်​လုံး ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၏။ ညှဉ်း​ဆဲ​တတ်​သော​သူ​သည် မိ​မိ​အ​သက်​အ​ပိုင်း​အ​ခြား​ကို မ​သိ​ရ။

Ver Capítulo Copiar




ယောဘဝတ္တု။ 15:20
11 Referencias Cruzadas  

ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။


ဘိုးဘေး​တို့​တစ်မျိုးတည်း​ကို​သာ ပြည်​တော်​ကို ပေး​တော်မူ​ခဲ့​၏​။ ထို​ပြည်​တွင် မည်သည့်​လူမျိုးခြား​မျှ ဖြတ်သန်းသွားလာ​ခွင့်​မ​ရှိ​။


ဆင်းရဲဒုက္ခ​နှင့် ပူပင်သောက​တို့​သည် သူ့​ကို​ခြောက်လှန့်​လျက်​ရှိ​၏​။ စစ်တိုက်​ရန် အသင့်ရှိ​နေ​သော​ရှင်ဘုရင်​ကဲ့သို့ သူ့​ကို အနိုင်ယူ​လျက်​ရှိ​၏​။


အနန္တတန်ခိုးရှင်​သည် အချိန်​ကာလ​ကို အဘယ်ကြောင့် သတ်မှတ်​တော်​မ​မူ​သနည်း​။ ကိုယ်တော်​နှင့်​သိကျွမ်း​သော​သူ​တို့​သည် ကိုယ်တော်​၏​နေ့ရက်​ကို အဘယ်ကြောင့် မ​မြင်​ရ​သနည်း​။


ဆိုးယုတ်​သော​သူ​တို့ ဘုရားသခင်​ထံမှ ခံရ​မည့်​ဝေစု​၊ ကြမ်းကြုတ်​သော​သူ​တို့ အနန္တတန်ခိုးရှင်​ထံမှ ခံရ​မည့်​အမွေ​ကား ဤသို့​ဖြစ်​၏​။


အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။


အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။


ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos