ယောဘဝတ္တု။ 12:24 - မြန်မာ့စံမီသမ္မာကျမ်း24 ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။ Ver CapítuloCommon Language Bible24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။ Ver CapítuloGarrad Bible24 ပြည် သူ ပြည် သား များ အ ပေါ် တွင် အုပ် ချုပ် သူ တို့၏ ဉာဏ် ကို နုတ် ယူ၍၊ လမ်း မ ရှိ သော တော အ ရပ်၌ လှည့် လည် စေ တော် မူ၏။ Ver CapítuloJudson Bible24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနုတ်၍၊ လမ်းမရှိသောတော၌ လှည့်လည်စေတော်မူ၏။ Ver Capítulo |
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။