ယောဘဝတ္တု။ 12:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။ Ver CapítuloCommon Language Bible14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။ Ver CapítuloGarrad Bible14 တည် ထောင် ခွင့် မ ရ နိုင် အောင် ဖြို ဖျက် တော် မူ၏။ လွတ် ခွင့် မ ရ နိုင် အောင် လည်း၊ လူ ကို ချုပ် နှောင် တော် မူ၏။ Ver CapítuloJudson Bible14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသောအခွင့် မရှိ။ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။