ယောဘဝတ္တု။ 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 ကိုယ်တော်သည် လှည့်စားတတ်သောသူကို သိတော်မူ၏။ သူပြုသောဒုစရိုက်ကိုမြင်လျှင် မမှတ်ထားဘဲနေတော်မူမည်လော။ Ver CapítuloCommon Language Bible11 ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။ Ver CapítuloGarrad Bible11 ကိုယ် တော် သည်၊ လျှပ် ပေါ် သော သူ တို့ ကို သိ လျက်၊ ဒု စ ရိုက် ကို လည်း၊ လျစ် လျူ ရာ၌ သိ မြင် တော် မူ၏။ Ver CapítuloJudson Bible11 ဘုရားသခင်သည် ဆိုးသောသူတို့၏သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။ Ver Capítulo |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။