ယာကုပ် 5:20 - မြန်မာ့စံမီသမ္မာကျမ်း20 အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။ Ver CapítuloCommon Language Bible20 ယင်းသို့အပြစ်ကူးသူတစ်ဦးအားလမ်းမှား မှပြန်လည်ခေါ်ဆောင်ကာသူသည် ထိုသူ၏ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍သူ့အား များစွာသောအပြစ်တို့မှပြေလွှတ်ခွင့်ရ စေရန်ဆောင်ရွက်ပေးသူဖြစ်လိမ့်မည်။ ရှင်ယာကုပ်သြဝါဒစာပြီး၏။ Ver CapítuloGarrad Bible20 အ ပြစ် သား ကို လမ်း လွဲ ရာ မှ ပြန် လာ စေ သော သူ သည် လူ ကို သေ ဘေး မှ ကယ် ဆယ် လျက် များ ပြား သော အ ပြစ် ဖုံး အုပ် သူ ဖြစ် လိမ့် မည် ဟု သိ မှတ် ကြ ကုန်။ Ver CapítuloJudson Bible20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။ ရှင်ယာကုပ်ဩဝါဒစာပြီး၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောသူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ သူ၏ အပြစ်များစွာကို သခင်ဘုရားခွင့်လွှတ်ပေးတော်မူစေရန် ဆောင်ရွက်သူဖြစ်ကြောင်း သူသိမှတ်ပါစေ။ ရှင်ယာကုပ်ဩဝါဒစာ ပြီးပါပြီ။ Ver Capítulo |