Biblia Todo Logo
La Biblia Online
- Anuncios -




ယာ​ကုပ် 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သင်​တို့​၏​စည်းစိမ်​သည် ဆွေးမြည့်​၍ သင်​တို့​၏​အဝတ်​များ​ကို ပိုး​ကိုက်စား​လေ​ပြီ။

Ver Capítulo Copiar

Common Language Bible

2 သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။-

Ver Capítulo Copiar

Garrad Bible

2 သင် တို့ ပ စ္စည်း များ သည် ဖောက် ပြန် ရာ၊ အ ဝတ် များ သည် ပိုး စား ရာ ဖြစ် လေ ပြီ။

Ver Capítulo Copiar

Judson Bible

2 သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 သင်တို့​၏​စည်းစိမ်ဥစ္စာများ​သည် ဆွေးမြည့်​၍ သင်တို့​အဝတ်အစားများ​သည်လည်း ပိုးကိုက်စား​ခံကြရပြီ။

Ver Capítulo Copiar




ယာ​ကုပ် 5:2
10 Referencias Cruzadas  

ထို့ကြောင့် အကျွန်ုပ်​သည် ဆွေးမြည့်​တတ်​သော​အရာ​ကဲ့သို့​လည်းကောင်း​၊ ပိုးကိုက်​တတ်​သော​အဝတ်​ကဲ့သို့​လည်းကောင်း ယိုယွင်းပျက်စီး​ရ​ပါ​ပြီ​တကား​။


ကိုယ်တော်​သည် ဒုစရိုက်​အတွက်​ဆိုဆုံးမ​ခြင်း​အားဖြင့် လူ​ကို​ပဲ့ပြင်​တော်မူ​၍ လူ​တပ်မက်​သော​အရာ​ကို ပိုးဖလံ​ကဲ့သို့​ဖျက်ဆီး​တော်မူ​၏​။ လူ​တိုင်း​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။ ငါ​အပြစ်ရှိ​သည်​ဟု မည်သူ​စီရင်​မည်နည်း​။ စီရင်​သော​သူ​အပေါင်း​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်​။ သူ​တို့​ကို ပိုး​ကိုက်စား​လိမ့်မည်​။


အကြောင်းမူကား ပိုးကောင်​တို့​သည် အဝတ်​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ပိုးရွ​တို့​သည် သိုးမွေး​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​မူကား အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ကယ်တင်​ခြင်း​သည် မျိုးဆက်အဆက်ဆက် တည်​မည်​။


ခါငှက်​သည် မိမိ​မ​ဥ​သော​ဥ​ကို​ဝပ်​သကဲ့သို့ မတရား​သော​သူ​သည် ဓနဥစ္စာ​သိုမှီး​တတ်​၏​။ သို့သော်လည်း သူ​သည် သက်တမ်း​တစ်ဝက်​၌ပင် မိမိ​ဓနဥစ္စာ​ကို စွန့်ထား​ခဲ့​ရ​၍ အဆုံး​၌ မိုက်မဲ​သော​သူ​ဖြစ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ဧဖရိမ်​အတွက် ပိုးကောင်​ကဲ့သို့​၊ ယုဒ​အမျိုးအနွယ်​အတွက် ဆွေးမြည့်​စေ​သော​အရာ​ကဲ့သို့ ဖြစ်​၏​။


သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။


သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ


သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​ထိန်းသိမ်း​ထား​သည့် ယိုယွင်း​ပျက်စီး​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် မှေးမှိန်​ခြင်း​တို့​မ​ရှိ​သော အမွေ​တော်​ထဲသို့​လည်းကောင်း အသစ်​တစ်ဖန်​မွေးဖွား​စေ​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos